ကျွန်တော် Radio သိပ်ကြိုက်တယ်။ ငယ်ငယ်တုန်းက ၀ါတွင်းမှာ ခဏခဏကြားရတဲ့ ဗုဒ္ဓ၀င် ဇတ်လမ်းတွေကို အမြဲနားထောင်ခဲ့တယ်။
“ဖြစ်ပါမလား မောင်ကာလုရယ်၊” “ဖြစ်ပါတယ် အမတ်ကြီးရယ်” ၊
နောက် ဟာဒရရွှင်ဆေး - ဆိုနီ၊ မိုးကျော် စသည်ဖြင့်ပေါ့။ သိပ္ပံဆောင်ပါးတွေကို ပြောပြတဲ့အစီအစဉ်တွေလည်းနားထောင်ဖြစ်တယ်။
တော်လှန်ရေးနေ့ မှာလာနေကျ စစ်သီချင်းတွေက အစကြိုက်တယ်။ တကယ်ကောင်းတဲ အစီအစဉ်တွေပါပဲ။
ဒါပေမယ် 88 နောက်ပိုင်းမှာ မြန်မာ့အသံ လည်းဘယ်သူတွေက စီမံပြီး၊ ဘယ်လို ရည်ရွယ်ချက်တွေနဲ့  ခရီးသွားနေလဲမသိတော့ဘူး။
ချာတူးလန်တာထက်၊ အော့နှလုံးနာစရာတွေပဲ ကြားရတာ့ လူကြီးတွေကလည်း မဖွင့်၊ ဒီတော့ ကလေးတွေလည်း မကြားရ
BBC VOA ပဲ လူကြီးတွေက ဖွင့်နေတော့တာပါပဲ။
မြန်မာပြည်မှာ Radio ဆိုတာ မြန်မာ့အသံက လွှင့်နေတာဆိုတာတောင် လူငယ်တွေ မသိတော့ဘူး။နောက်ပိုင်း City FM ဖြစ်လာတော့ မှ Radio ကို ဖွင့် သီချင်းလေးနဲ့  ညိမ့်နေရတယ်။ တကယ်တမ်းကတော့ Radio က လူတွေနဲ့ အမြဲတမ်းရင်နှီးနေတဲ့ Media တစ်ခုပါ။
သူက ပေါ့ပါးတယ်၊ စရိတ်သက်သာတယ်။ ဒီတော့ လူတွေက နှစ်သက်။
ဒီဘက်ခေတ်မှာ mp3 player တွေ ပေါ်လာတော့ လူတွေ mp3 နောက် ပြေးလိုက်ပါတယ်။ ကျွန်တော်ကတော့ mp3 player ထက် Radio ကို ပို နှစ်သက်မိတယ်။ mp3 player မှာက ကိုယ်ထည့်ထားတဲ့သီချင်းပဲ နားထောင်ရတယ်။ ဘာတွေ ရှိနေလဲ သိနေတယ်။
ဒါတွေပဲ ထပ်ကာထပ်ကာ နားထောင်နေရတယ်။ နောက် အမြဲတမ်းဆိုသလို သီချင်း အဟောင်းဖျက်၊ အသစ်ရှာ အချိန်အတော်ပေးရတယ်။
ကျွန်တော်ကတော့ Live မဖြစ်ဘူးလို့ ခံစားရတယ်။
ကျွန်တော်ကတော့ Radio ပဲ။ သူက Live ဖြစ်တယ်။ ဒါပြီး ဘာလာမလဲမသိတော့ စိတ်လှုပ်ရှားရတယ်။ နောက် ဘာမှ အားစိုက်ပြီး သီချင်းလဲလှယ်ရတာ မရှိဘူး။ ဖွင့်ထားလိုက်ရုံပဲ။ နိုင်ငံခြားရောက်တော့ Radio Station တွေက အများကြီး၊
စိတ်တိုင်းကျပြောင်းနားထောင်လို့ ရတယ်။
အပြင်သွားရင် FM Radio ။ ကွန်ပျူတာ အရှေ့ အလုပ်လုပ်နေရင် Internet Radio ။
အရင်တုန်းက www.last.fm ကို နားထောင်တယ်။ သူက ပထမ Free ပေးပြီး၊ နောက် တစ်လ US $3ပေးရတယ်။ လအတော်ကြား US$3 ပေါင်းများစွာပေးပြီးနားထောင်ခဲ့တယ်။ သူက သီဆိုနေတဲ့  အနုပညာရှင်တွေအကြောင်းကို လည်း နားထောင်နေတုန်းမှာ ဖော်ပြပေးထားတယ်။
စိတ်ဝင်စားဖို့ ကောင်းတာပေါ့။ နောက် ကိုယ့်အကြိုက်သီချင်းတွေကို ကိုယ့်အတွက် ရွေးချယ်ပြီး သီသန့့် လွှင့်ပေးတယ်။ Rock ဆို Rock အမျိုးအနွယ်ပေါင်းများစွာကို ကိုယ်အတွက် လွှင့်ပေးတယ်။ Listener Taste အလိုက် သီးသန့် လွှင့်ပေးနေတာပေါ့။
ဒါပေမယ့် လစဉ် US 3$ ပေးရမယ်ဆိုတာမမေ့ပါနဲ့ ။
နောက် သူငယ်ချင်းတစ်ယောက်ပေးလို့ Nexus Radio (http://www.nexusradio.com/) နားထောင်ကြည့်တယ်။ သူက Free ။ Station တွေအများကြီး ရွေးပြီးနားထောင်လို့ ရတယ်။ Recording ပါ ရသေးတယ်။ ကောင်းတာပေါ့ဗျာ။ Nexus Radio လေးနဲ ညိမ့်နေတာ၊
အခု ဘာ Station နားထောင်နေလဲ -
1025 HITS FM (http://216.155.131.180:8592) Genre က Pop .
Sunday, July 26, 2009
ကျွန်တော်နှင့်Radio
Posted by a simple man at 5:16 PM
Labels: အပန်းဖြေခြင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment