ကျွန်တော် blogspot, wordpress, Windows Live တော်တော်များများမှာ Blog ရေးခဲ့ဖူးတယ်။
ကျွန်တော်နှင့် ကိုယ်ပိုင် Wordpress Site
ကျွန်တော် အနှစ်သက်ဆုံးက Wordpress ကို ကိုယ်ပိုင် Site မှာ တည်ဆောက်ရတာ အကြိုက်ဆုံးပဲ။ ဒီလို တည်ဆောက်ထားတဲ့အခါ အခွင့်အရေးတွေ အများကြီးရလာတယ်။ Category တွေအများကြိး စိတ်တိုင်းကျ ခွဲလို့ ရလာတယ်။
plugin တွေလည်းလိုအပ်သလိုထည့်လို့ ရတယ်။ နောက် နည်းပညာပိုင်းလည်း အများကြီး သိနားလည်လာတယ်။ FTP , Hosting , Domain Name အစရှိသည်ဖြင့် နားလည်ခဲ့ရတယ်။
ဒါပေမယ့် ထိမ်းသိမ်းရတဲ့တာဝန်က အရမ်းကြီးတယ်။ အစအရာရာ ကိုယ့်ခြေကိုယ်လက် ဆိုပြီး ပျော်ရွှင်ရပေမယ့်။ Hosting မကောင်းလို့  site ကို ခေါ်မရတာ။ Database ပျက်စီးသွားမှာစိုးလို့  ပုံမှန် backup လုပ်ရတာ - ဒီဒုက္ခ တွေတော့ ရှိတာပေါ့။ တစ်နှစ်ပြီးတိုင်း နောက်တစ်နှစ်အတွက် Hosting ကြေး၊ Domain Name ကြေးတွေကလည်း အတော်ထောင်းတယ်။ နောက်နှစ် မလုပ်တော့ဘူး ရပ်မယ်ဆိုပြန်တော့လည်း လုပ်ခဲ့သမျှ သဲရေကျ ၊ ဘာမှ မကျန်ခဲ့မှာစိုးလို့ - ဆက်လက်ချီတက်ရပြန်ရော။ အကယ်၍များကျွန်တော် မရှိတော့ရင် ကျွန်တော်ဖန်တီးခဲ့သမျှတော့ သွားမှာပဲလို့  သင်္ခါရတရားကိုလည်း ဆင်ခြင်ရသေးတယ်။
ကျွန်တော်နှင့် Wordpress Site စာမျက်နှာ
ဒါနဲ့  ကိုယ်ပိုင် Wordpress ကို တည်ဆောက်ပြီးမှ၊ Wordpress Web Site မှာ blog ရေးပြန်တယ်။ သူများ Web Site မှာရေးရတော့ ပေါ့ရွှက်ရွှက်ကြီးဖြစ်သွားတယ်။ Interface က သိပ်မကွာပေမယ့် Hosting လည်းမရို၊ plunin လည်း စိတ်တိုင်းကျ မထည့်ရ၊ Theme ကလည်း လွတ်လွတ်လပ်လပ် မထည့်ရဆိုတော့ အားမရတော့ဘူး။ စိတ်သွားတိုင်းကိုင်မပါဘူး။ ဒါနေရာမှာ အားသာချက်တွေရှိပါတယ်။ ထိမ်းသိမ်းရတဲ့ တာဝန်လျော့သွားတယ်။ Hosting ကိစ္စ၊ Database အတွက် စိုးရိမ်ရတဲ့ ဒုက္ခ မရှိတော့ပါဘူး။ ကျွန်တော်မရှိတော့ရင်တောင် ကျွန်တော်ဖန်တီးရေးသားခဲ့တာတွေ Wordpress Site မှာ မပျောက်မပျက်ကျန်ခဲ့မှာပါ။
Windows Live
Windows Space 25 GB ကို မက်မောပြီး Windows Live ရဲ့  Space ဆိုတဲ့နေရာမှာblog ရေးဖူးပါတယ်။ တော်တော် အဆင်မပြေပါဘူး။ ဘာမှ Customize လုပ်လို့ မရ၊ Tag/ Label ကိုလည်း တခုထက်ပို ထည့်လို့ မရ၊ Theme ကလည်း မွဲချာနေတာပဲ၊
ကျွန်တော်နှင့် blogspot
သူကတော့ နာမည်ကြီးပေါ့။ နာမည်ကြီးလွန်းလို့  မြန်မာပြည်မှာ အပိတ်ခံထားရတယ်။ မြန်မာနိုင်ငံသားတွေ အတွက် ကောင်းမှန်းသိပေမယ့် မမြည်းစမ်းနိုင်တဲ့ blogspot။
နိုင်ငံခြားရောက် မြန်မာတိုင်းကတော့ blogpost ကိုဘော်ပင်လို သုံးပြီး Internet စာမျက်နှာတွေ ရေးနိုင်တာပေါ့။ သူကတော့ လွယ်တယ် ။ ဘာမှ အထွေအထူးမပါဘူး။ Category ခွဲလို့ မရဘူး။ Page တွေ ဖန်တီးလို့ မရဘူး။ Interface ကလည်း ရိုးရှင်းတယ်။ wordpress လို ရှုပ်ထွေးမှု မရှိတော့ သုံးစွဲသူတွေ အရမ်းများပါတယ်။
personal အကြောင်းအရာတွေ ရေးမယ်ဆိုရင် blogspot ရိုးရိုးလေးနဲ့  အဆင်ပြေပါတယ်။ Zawgyi နှင့်လည်းအတော်အဆင်ပြေတော့ blogspot မှာ မြန်မာblog တွေ မှိုလို ပေါက်နေပါတယ်။ တကယ် ဖတ်ကောင်းတဲ့ personal blog တွေ လည်းအများကြီးပါ။
အခုဘာလို့  ကျွန်တော်blogspot ကို ရွေးပြီးဒီစာကို ရေးနေရတာလဲ။
ကျွန်တော် personal အကြောင်းတွေ ရေးမှာဖြစ်လိုပါ။
နောက် ကျွန်တော် စိတ်ယုတ်တဲသူတွေအုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ မရှိလို့ ပါပဲ။ နောက် မြန်မာစာအတွက် အဆင်ပြေလို့ ပါပဲ။
Saturday, July 25, 2009
ကျွန်တော်နှင့် blog များ
Posted by a simple man at 9:28 PM
Labels: အတွေ့ အကြုံ
Subscribe to:
Post Comments (Atom)
1 comments:
သူ့ နေရာနဲ့ သူကောင်းတာပါပဲ။
wordpress က ခန့် ခန့် ညားညားနဲ့ ကောင်းသလို ။
blogspot က ပေါ့ပေါ့ပါးပါးနဲ့ ခရီတွင်ပါတယ်
Post a Comment